Under Development Process.

Invisible Marketing ဆိုတာဘာလည်း

ဒီ အထည်လေးက အရမ်းလှတယ် ဆိုဒ်စုံလည်းဝတ်လို့ရတယ်
စျေးကလည်းသက်သာတယ်
စသဖြင့်
☞ ဒီလို စျေးရောင်းတာက ရှေးဟောင်း ပြတိုက်မှာထားလိုက်ပါတော့
အခုကျွန်တော် invisible marketing အကြောင်းကိုပြောပြပါမယ်။
 
☞ အထက်က စျေးရောင်းတဲ့ ဥပမာ လေးက အာဏာရှင်ဆန်ပါတယ်။
အခု ကာစတာမာ တစ်ဦးကို အာဏာရှင်ရှင်ဆန်ဆန်မရောင်းပဲ
ဒီမိုကရီဆန်ဆန် သွယ်ဝှိုက်ပီး စျေးရောင်းခြင်း အနုပညာကို
invisible marketing လို့ခေါ်ပါတယ်။
 
☞ တနည်းအားဖြင့်
ကာစတမာတွေကို တိုက်ရိုက်စျေးရောင်းတာမျိုးမဟုတ်ပဲ
သွယ်ဝှိုက်တဲ့ နည်းလမ်းပေါင်းစုံနဲ့
ကာစတမာ စိတ်ထဲရောက်နေအောင်
 
☞ ကာစတမာ စိတ်ဝင်စားမှုရှိလာအောင်
☞ထုတ်ကုန်ပေါ် သတိပြုမိလာအောင်
☞ဝယ်ယူခြင်လာအောင်
ဖန်တီးယူရတဲ့ စျေးရောင်းခြင်း အနုပညာတစ်ခုဖြစ်ပါတယ်။
 
☞ invisible marketing နည်းလမ်းလေးတချို့ပြောပြပေးပါမယ်။
☞ (၁) Sponsored Content
ခြိမ့်ကေကို ဘနားနား က video content လေးတစ်ခု တင်လိုက်တယ်ဆိုပါစို့
အဲ့ထဲမှာ ကျွန်တာ် ဘနားနား သုံးနေတဲ့ powerbank လေးဗျာ
သုံးနေတာကြာပီအားတော်တော်ခံတာ ဗျာ ခင်ဗျားတို့လည်းသုံးကြည့်
ဒီလို ျsponsored content မျိုးတွေပါ။
 
☞(၂)Partnership Marketing
Redmi note 14 pro + ဖုန်းကိုသိတယ်မလားဗျ
ဒီဖုန်းရဲ့ camera က Leica ဆိုတဲ့ germany camera company တစ်ခုနဲ့ ပူပေါင်းထုတ်လုပ်
ကြောင်းကြေညာထားပါတယ်။ ဒါဟာ invisible marketing ဖြစ်ပါတယ်။
တစ်နည်းအားဖြင့် ဖုန်း company တစ်ခု က camera company တစ်ခုနဲ့ပူးပေါင်းပီး
ဖုန်းတစ်လုံးဖန်တီးလိုက်တာဖြစ်ပါတယ်။
ဒါဟာနှစ်ဦးနှစ်ဖက် invisible marketing ကိုအသုံးချပီး အကျိုးအမြတ်ကို
ခွဲယူလိုက်ကြတာလည်းဖြစ်ပါတယ်။
 
☞ (၃) Free Samples
ကိုယ့်ထုတ်ကုန် အနည်းငယ်ကို အခမဲ့ အသုံးပြုခွင့်
ပေးလိုက်ခြင်းဖြစ်ပါတယ်။
ဒါကလည်း invisible marketing strategy တွေထဲကတစ်ခုဖြစ်ပါတယ်။
ခင်ဗျ။
 
☞ ဒါဆို ထပ်ပီး invisible marketing အနုပညာကို ထပ်ပီးစဉ်းစားနိုင်သွားမယ်ထင်ပါတယ်။
 
☞နောက်ထပ်လည်း ဒီလို ဗဟုသုတတွေ ထပ်မံ ရှဲ လုပ်ပေးပါဦးမယ်ခင်ဗျာ။
 
အားလုံးအဆင်ပြေပါစေခင်ဗျာ...

DigitalRank Myanmar

Digital Rank မှ လုပ်ငန်းဆိုင်ရာ Application များ ကို ဝန်ဆောင်မှု ကောင်းမွန်စွာ ဖန်တီးပေးလျှက်ရှိပါတယ်။

Subscribe

အသစ်တင်သော ဆောင်းပါးများ
သိသင့်သိထိုက်တာများကို mail ပို့ပေးပါမယ်။