Under Development Process.

ပစ္စည်းတွေ မရောင်းရဘူးဖြစ်နေလား

နေ့စဉ် Facebook , tiktok , social media
တွေမှာပိုစ်တွေတော့တင်နေတယ် ဒါပေမဲ့ မရောင်းရဘူး
ဖြစ်နေသလားဗျ။

အကြံညဏ်လေးတွေပေးပါမယ်။


⮕ အကောင်းမွန်ဆုံးအားထုတ်ပါ
ကိုယ့်ရဲ့ စျေးရောင်းမည့် စာသား ပုံ လိုအပ်သည့်
အပိုင်းအားလုံးကို ကိုယ်သိထားသလောက်အကောင်းမွန်ဆုံး
ကြိုးစားဖန်တီးပါ။


⮕ သင့်ပုံကိုအရင်ဆွဲဆောင်မှုရှိအောင်ပြင်ဆင်ကြည့်ပါ။
ဝယ်သူများက social media မှာ မှာ ကြည့်တဲ့အခါ
ပုံကိုအရင်မြင်တာဖြစ်ပါတယ် ပြိုင်ဆိုင်မှုများနေတဲ့ အထဲမှာ
လူကြီးမင်းရဲ့ ပိုစ်ကို ကျော်မသွားဖို့လိုပါတယ်။
လူတစ်ဦးဟာ ပိုစ်တစ်ခုကိုစမြင်တာနဲ့ ပုံကိုအရင်မြင်မှာဖြစ်ပီး
စာသားကိုနောက်မှမြင်မှာဖြစ်ပါတယ်။
ဒါကြောင့် ပုံကို quality ပိုမိုကောင်းမွန်အောင် ပြင်ဆင်ပီးတင်ကြည့်ဖို့
အကြံပြုပါတယ်ခင်ဗျ။


⮕ marketing စာသား
နောက်တစ်ဆင့်အနေနဲ့ ပုံကိုကြည့်ပီးတာနဲ့ စာသားကိုဖတ်ကြမှာဖြစ်ပါတယ်။
စာသားကို ပီးပီးရောရေးတာမျိုးမဟုတ်ပဲ
စာသားကိုရှင်းရှင်းလင်းလင်းနဲ့ emoji တချို့အသုံးပြုကြည့်ပါ။
ရောင်းဖို့စာသားရေးနည်းသိချင်တယ်ဆိုရင် commentမှာမန့်ခဲ့ပါခင်ဗျ။


⮕ story telling
ဒါက product marketing content
ရေးတဲ့အခါမှာ သမရိုးကျရေးတာမျိုးမဟုတ်ပဲ။
အဖြစ်အပြက်လေးတစ်ခုကို ပြောပြီးရောင်းကြည့်ပါ။

ဥပမာ
ကျွန်တော့် အဖေနဲ့အမေ အိမ်မှာ ဇာတ်ကားကြည့်တော့ သူတို့
မလုပ်တတ်တာနဲ့ ကျွန်တော်က usb otg stick လေးထဲ
ဇာတ်ကားတွေသွင်းပေးထားလိုက်တယ်။
သူတို့ otg stick ထိုးပီး တန်းကြည့်ယုံပဲ

ဒီလိုပုံစံလေးနဲ့ otg stick ကိုရောင်းချကြည့်ရပါမယ်။
လူအများစုက ပုံပြင်တွေ အဖြစ်အပြက်တွေကို
တော်တော်လေးသဘောကျ ကြတာကြောင့်ဖြစ်ပါတယ်။

DigitalRank Myanmar

Digital Rank မှ လုပ်ငန်းဆိုင်ရာ Application များ ကို ဝန်ဆောင်မှု ကောင်းမွန်စွာ ဖန်တီးပေးလျှက်ရှိပါတယ်။

Subscribe

အသစ်တင်သော ဆောင်းပါးများ
သိသင့်သိထိုက်တာများကို mail ပို့ပေးပါမယ်။